Country | |
Publisher | |
ISBN | 9789998651302 |
Format | PaperBack |
Language | Burmese |
Year of Publication | 2023 |
Bib. Info | 504p. ; 18x25cm. |
Categories | Biography/Memoirs |
Product Weight | 798 gms. |
Shipping Charges(USD) |
ဘုန်းကြီးကျောင်းသား၊ နွားကျောင်းသားဘဝမှ မမျှော်လင့်ခဲ့သည့် ဆရာဝန်ဘဝသို့ ရောက်ရှိခဲ့သူ၊ ဆေးသိပ္ပံ နောက်ဆုံးနှစ်ကို ပထမဆင့်ဖြင့် အောင်မြင်ခဲ့ပြီး အင်္ဂလန်နိုင်ငံ ခွဲစိတ်ကု သမားတော်များ၏ တော်ဝင်တက္ကသိုလ် အီဒင်ဘာရာမှ F.R.C.S အောင်မြင်ခဲ့သူ၊ အာဇာနည်ကုန်း ဗုံး ခွဲခဲ့ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့သည့် မြောက်ကိုရီးယားလူမျိုး ကို ခွဲစိတ်ကုသပေးခဲ့ပြီး ၎င်း မှတဆင့် သတင်းဖော်ထုတ်နိုင်ပေးခဲ့သူ၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ညွှန်ကြားရေးမှူး၊ အကြံပေးပုဂ္ဂိုလ် အစရှိသည့် ထိပ်ပိုင်းတာဝန်များကို ထမ်းဆောင်ခဲ့သူ စာရေးသူ ပါမောက္ခ ဒေါက်တာမြသိန်းဟန်၏ ဘဝဖြတ်သန်းမှု မှတ်တမ်းဖြစ်သည်။ နှစ် (၆၀) ကျော် ဖြတ်သန်းလာခဲ့သော ရိုးရိုးဆရာဝန်ဘဝ၊ ခွဲစိတ်ဆရာဝန်ဘဝ အတွေ့အကြုံများ၊ ကုသရေး အတွေ့အကြုံများ၊ ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်၊ သမားတုများအကြောင်း၊ ဆေးမြီးတိုများဖြင့် ကုသခြင်း၏ အန္တရာယ်၊ သက်ကြီးပိုင်းတွင် ဖြစ်တတ် သော ရောဂါ, ကင်ဆာရောဂါအမျိုးမျိုး အပါအဝင် အဖြစ်များ ရောဂါများကို ကြိုတင်ကာကွယ်နည်း အပါအဝင် ကျန်းမာရေးဗဟုသုတများ၊ သမားနှင့် လူနာဆက်ဆံရေး အပါအဝင် အကြောင်းအရာစုံ ကို ဆောင်းပါး (၇၅) ပုဒ်အဖြစ် ရေးသားမျှဝေထားသည်။