image description
# 870216
USD 17.50 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု (ခေါင်းဆောင်မှုစွမ်းရည်နှင့် ခေါင်းဆောင်မှုပညာ ဆောင်းပါးများ) (Visionary Leadership)

Author :  ကောင်းလွန်း

Product Details

Country
Myanmar
Publisher
ဦးဟိန်းဇော်
ISBN 9789998653184
Format PaperBack
Language Myanmarese
Year of Publication 2024
Bib. Info 205p.
Categories Business
Product Weight 260 gms.
Shipping Charges(USD)

Product Description

“ခေါင်းဆောင်ဆိုတာ အနာဂတ်အမြင်ရှိမှ မောင်းနှင်သူ(Driver)ဖြစ်မယ်။အနာဂတ်အမြင်မရှိရင်ကိုယ်တိုင် ဝင်ကစားရတဲ့ ကစားသမား (Player) ပဲဖြစ်လိမ့်မယ်။ ”Visionary Leader (အမြော်အမြင်ရှိတဲ့ခေါင်းဆောင်)တွေဟာ အများအတွက် ဘာလုပ်ရမလဲ၊ အများလုပ်ချင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲဦးစားပေးပြီး စဉ်းစားတာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ထာဝရခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ မာတင်လူသာကင်းဂျူနီယာက “I have a dream”လို့ ပြောခဲ့ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိတယ်။ အဲဒီအိပ်မက်ဟာ သူ့အတွက် မဟုတ်ဘူး။ သူ့ သားသမီးတွေ၊ သူ့ ဆွေမျိုးတွေအတွက် မဟုတ်ဘူး။ ပြည်သူပြည်သားအများအတွက်ဖြစ်တယ်။ အမြော်အမြင်ကြီးတဲ့ခေါင်းဆောင်တွေဟာ သူတို့နေရာ၊ သူတို့ကမ္ဘာကို သူတို့အတွက် ကောင်းအောင်လုပ်မယ့်အစား သူများတွေအတွက်ကောင်းအောင် ကြိုးစားသူတွေဖြစ်တယ်။ သူတို့က အများအတွက် အလုံးစုံစဉ်းစားကြပေမဲ့ “ဘယ်လိုလုပ်ကြရအောင်” ဆိုတဲ့ နည်းလမ်းပိုင်းမှာတော့ အားနည်းတတ်ကြပြန်တယ်။ ဒါကြောင့် Visionary Leader ရဲ့ အတွေးအမြင်ကို လမ်းညွှန်သဖွယ်ခံယူပြီး အကောင်အထည်ဖော်ရေးကိုတော့ တတ်ကျွမ်းသူတွေက တာဝန်ယူရမှာပါ။ လမ်းညွှန်မှုဟာ မြေပုံဖြစ်တယ်ဆိုရင် အဲဒီမြေပုံပေါ်မှာ သွားသာ၊ လာသာရှိအောင် လမ်းဖောက်ပေးရမှာက နောက်လိုက်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ လမ်းဖောက်ရာမှာ လိုအပ်မယ့် လူသူ၊ စက်ယန္တရား၊ ရိက္ခာ၊ လောင်စာ၊ ဆေးဝါး စတာတွေကတော့ ခေါင်းဆောင်နောက်က လိုက်ကြမယ့် နောက်လိုက်တွေက စီစဉ်ပေးရမှာပါ။ Visionary Leader က သူ့ရဲ့ နောက်လိုက်တွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေကို တက်ကြွနေအောင် လုပ်ပေးရမှာပါ။ အဲဒါကို Vitality လို့ခေါ်ပါတယ်။ လုပ်လည်း လုပ်နိုင်ကြတယ်။ အဲဒီလို လုပ်နိုင်ရတဲ့အကြောင်းရင်းကတော့ အဲဒီခေါင်းဆောင်အမျိုးအစားတွေဟာ တစ်ချိန်လုံး အနာဂတ်ကိုပဲ မျှော်ကြည့်နေလို့ ဖြစ်ပါတယ်။အမြော်အမြင်ရှိတဲ့ခေါင်းဆောင်တွေဟာ အပြောင်းအလဲကာလမှာ ပေါ်လာလေ့ရှိပါတယ်။ သူတို့ဟာ အပြောင်းအလဲကို စိတ်အားထက်သန်သူတွေလည်း ဖြစ်ကြပါတယ်။ အဟောင်းဖြစ်စဉ်တွေကြောင့် အခက်အခဲကြုံချိန်မှာ အပြောင်းအလဲကို ထင်ထင်ရှားရှားလုပ်နိုင်တာက အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေသာ ဖြစ်ပါတယ်။ သူတို့ကို Transformational Leadership ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း တွေ့နိုင်ပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေကို နိုင်ငံရေးနယ်ပယ်မှာရော စီးပွားရေးနယ်ပယ်မှာပါ တွေ့နိုင်ပါတယ်။ ဆရာကောင်းလွန်းရဲ့ “အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှု” စာအုပ်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ခေါင်းဆောင်အမျိုးအစားများ၊ ခေါင်းဆောင်မှုအရည်အသွေး၊ ခေါင်းဆောင်မှုကို ပျိုးထောင်နည်း၊ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုအတတ်ပညာဆိုင်ရာ ဆောင်းပါး ၃၆ ပုဒ်ကို ဖတ်ရှုမှာဖြစ်ပါတယ်။ နယ်ပယ်အသီးသီးကခေါင်းဆောင်တွေ၊ စီးပွားရေးနဲ့ လုပ်ငန်းခွင်မှာ ဦးစီးဦးဆောင် တာဝန်ယူနေတဲ့ လုပ်ငန်းရှင်၊ အမှုဆောင်အရာရှိတွေနဲ့ မန်နေဂျာတွေ၊ ခေါင်းဆောင်မှုအရည်အချင်းနဲ့ ခေါင်းဆောင်မှုပညာကို လေ့လာနေသူတွေ၊ ခေါင်းဆောင်မှုပညာရပ်ကို စိတ်ဝင်စားသူတွေ ဖတ်ရှုသင့်တဲ့စာအုပ်ဖြစ်ပါတယ်။

Product added to Cart
Copied